ဖြစ်ပျက်နေသော ဖြစ်စဉ်များ
သူခိုးပြေးပြီဆိုကာမှ
ထိုးကွင်းတွေကိုထမနေနဲ့ တော့
မာန်ရေးတကြွကြွ ဟန်ရေးပြ
ပြည့်အရေးမလှတာ ကြာခဲ့ပါပြီ၊
ကျောချသွားပြီဆိုကာမှ
ဓမြ ဓမြ ဟစ်ကာ မနေပါနဲ့ တော့
ရေတွက်လို့ မရ ခံခဲ့ရ
အံကြိတ်ရတာ များခဲ့ပါပြီ၊
စစ်ပွဲပြီးမှ ဗျူဟာချ
ဖြူပြာကျမှ ပလူပျံထ
ပြောကြ ဆိုကြ ဝေဖန်ကြ
မိုးလွန်ထွန်ချ ဖြစ်ခဲ့ပါပြီ၊
ဒဏ်ရာများလို့  ထုံနေသလား
ကြံရာမရလို့ ဟုန်နေသလား
နောက်ကျသွားတဲ့ သမိုင်းကြောင်းကြားမှာ
တိုင်းပြည်ကတော့ နုံချာသွားပြီ ။ ။
ရန်နိုင်ထွန်း
(လွတ်မြောက်နယ်မြေ ၊ ကိုရီးယား)
YAN NAING HTUN
National League For Democracy (Liberated Area) Korea Branch
157-10 (Second Floor) Simkok-2Dong,
Wonmi-Ku,Bucheon City,
Kyunggi - Do,420 - 822,Korea