Daw Aung San Suu Kyi's pages

Change font size
A   A   A   A  
Please login or register.

Login with email, password and session length
Advanced search  
Pages: [1]   Go Down

 Poem in Burmese က ဗျာ - ရှည်ရှည်လျားလျား ဘ၀ဒဏ်ရာ ရထား

August 23, 2009, 12:02:07 PM
ရှည်ရှည်လျားလျား ဘ၀ဒဏ်ရာ ရထား

ဘ၀ ဆိုတဲ့ အက္ခရာနှစ်လုံးကို
၂လုံး ချဲထီလို တွက်ချက်ပြီး
လမ်းလွဲကို လမ်းသလားနေကြတယ် ၊
ခေတ္တ အပျော်အပါးတွေကြားမှာ
ဘော်လုံးပွဲလို ဘေးလောင်းနေကြတယ် ၊
လာဘ်ပေး လာဘ်ယူနဲ့  ဘ၀ကို အလံထူနေကြတယ် ။

အကျပ်အတည်း ခေတ်ပျက်က တိုက်စား
အူယားဖားယား မွဲတေနေတာတောင်
ရွှေအတုများ ၀တ်ဆင်ပြီး ဟန်ဆောင်ကောင်းတဲ့ မြို့ ပြ
ဘ၀တွေ ကမ်းမမြင် လမ်းမမြင်
ထမ်းစင်ပေါ်က လူနာလို ဖြစ်နေတော့
မိုးမမြင် လေမမြင် ပျော်နိုင်ပါ့မလား ။

နာကျင် တောက်ခေါက်တာ များလို့ 
လျှာတွေလဲ ပြတ်ထွက်တော့မယ် ၊
ဖိနှိပ် တင်းကြပ်တာ များလို့
ထိန်းမနိုင် သိမ်းမရ သိမ်းကျုံးပေါက်ကွဲတော့မယ် ၊
သောက ဗျာပါဒများနဲ့
လောက လူသားများ ဖောက်ပြားလွန်းတယ် ။

အချင်းချင်း ပစ်တဲ့မြှားတွေ
ရန်သူက ခုတ်ဆဲ ဓားများနဲ့
ရှည်ရှည်လျားလျား ဘ၀ဒဏ်ရာ ရထား
စနစ်ဟောင်းမှာ
ဘ၀ကို အကြိမ်ကြိမ်ဖြတ်ကြိတ် ခုတ်မောင်းနေတယ် ။

ဒူးခေါင်း ဆိုတာ ဒူးထောက် အညံ့ခံဖို့ နဲ့
ဒူးနဲ့ မျက်ရည်သုတ်ဖို့မဟုတ် ၊
ကိုယ့်ဒူး ကိုယ်ချွန်ကြရမဲ့ ခေတ် ။

ရွေးချယ် ပိုင်ခွင့်လဲ ဆုံးရှုံးကြီးမား
အကြွေး လည်တိုင်ထိ မွဲ တုံးလုံးနီးပါး
နှာစီးနေတဲ့ ကမ္ဘာကြီးကို အားကိုးရာ ရှာမိလို့
ခါးကျိုးတာလဲ အခါခါရှိသမို့
ငြိမ်းချမ်း စိမ်းလန်းတဲ့ ကိုယ့်အနာဂတ်ကို
ကိုယ့်လက်နှစ်ဖက်နဲ့ကိုယ်ကိုတိုင် ထွန်ယက်စိုက်ပျိုးကြရမယ် ။

အောင်ခိုင်မြင့်






Pages: [1]   Go Up
 


Related Topics
Topic Subject Last updated time
In The Quiet Land (Poem)
English
Read now! June 09, 2003, 06:43:14 PM
A Burmese poem for ex democracy fighters
English
Read now! June 19, 2007, 01:20:28 AM
Black Friday poem (in Burmese)
English
Read now! August 23, 2003, 02:11:38 AM
Poem for Aung San Suu Kyi's Birthday
English
Read now! May 25, 2006, 11:00:00 PM
Poet Saw Wai arrested for critical poem
Read Daily News
Read now! January 25, 2008, 12:00:00 AM
My Poem for DASSK
General Discussion
Read now! July 23, 2005, 11:40:38 PM
A Poem For Aung San Suu Kyi
General Discussion
Read now! June 01, 2006, 01:57:54 PM
poem on Aung San Suu Kyi
Media Pool and Discussion
Read now! June 14, 2006, 11:20:46 PM
Poem in Burmese က ဗျာ - ဖြစ်ပျက်နေသော ဖြစ်စဉ်များ
Burmese
Read now! August 23, 2009, 11:55:47 AM



A few of many great resources that making this site possible are:
YouTube & YouTubers | Washington Post | Democratic Voice of Burma | Mizzima News Group | Radio Free Asia | BBC Burmese | Yahoo Asia News | Reuters News