Daw Aung San Suu Kyi's pages

Change font size
A   A   A   A  
Please login or register.

Login with email, password and session length
Advanced search  

Pages: [1]   Go Down

 (၂) နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြပွဲဖိတ်ကြားလွှာ

September 16, 2009, 12:37:49 AM
2nd Anniversary of Saffron Revolution

This is the invitation letter from New York about  2 nd Anniversary of Saffron Revolution.

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်သော 2nd Anniversary of Saffron Revolution

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ထောင်ပေါင်းများစွာသော သံဃာတော်များသည် မေတ္တာ ဂရုဏာရှေ့ထား၍ သန်းပေါင်း ၅၀ ကျော်သော မြန်မာပြည်သူလူထုကြီး၏ အဖက်ဖက်က ချွတ်ခြုံကျ ဒုက္ခရောက်နေမှုများအပေါ် ပြည်သူလူထုရှေ့မှ ဦးဆောင်ရပ်တည်ကာ ငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြနေသော သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို နအဖစစ်အာဏာရှင်က ဘာသာတရားကင်းမဲ့စွာ ရက်စက်စွာ ရိုက်နှက်ဖမ်းဆီး ဖြိုခွဲသတ်ဖြတ်မှုများကို မြန်မာတစ်နိုင်ငံတည်းသာမက နိုင်ငံတကာကပါ အံ့သြတုန်လှုပ်စွာဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။

အမေရိကန်နိုင်ငံရောက် သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများက ယခု စက်တင်ဘာလ ၂၃ ရက်၊ နေ့ခင်း ၂း၀၀ နာရီမှ ၄း၀၀ နာရီအတွင်း ၆၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်တွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုများ၌ ကိုယ်ကျိုးစွန့်၊ အသက်စတေးခဲ့ကြသော သံဃာတော်များ၊ ကျောင်းသား ပြည်သူများနှင့် သန်းပေါင်း ၅၀ ကျော်သော မြန်မာပြညလ်သူ လူထုကြီး အမှန်တကယ် လိုအပ်နေသည့် လွတ်လပ်ရေး၊ စစ်မှန်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးတို့အတွက် သံဃာတော်များနှင့် မြန်မာ၊ တိဘက်နှင့် အီရန် ဒီမိုကရေစီအင်အားစုများ အတူတကွ ပူးပေါင်း၍ ကုလသမဂ္ဂ ရုံးချုပ်ရှေ့၌ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ပါသောကြောင့် သံဃာတော်များနှင့် နိုင်ငံသားအပေါင်းတို့အား အတူတကွ ညီညွတ်စွာပါဝင်ကြရန် အလေးအနက် အသိပေး ဖိတ်ကြားအပ်ပါသည်။

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ
နေ့ရက် ။ ။ စက်တင်ဘာလ ၂၃ ရက်နေ့၊ ၂၀၀၉ ခုနှစ်
အချိန် ။ ။ ညနေ ၂း၀၀ မှ ၄း၀၀ အထိ
နေရာ ။ ။ ကုလသမဂ္ဂရုံးချုပ် (၄၇ လမ်း၊ ၁ လမ်းမနှင့် ၂ လမ်းမကြား၊ နယူးယောက်မြို့)
Dag Hammarskjold Plaza E 47th St (between 1st and 2nd Ave.), New York, NY 10017
ဆက်သွယ်ရန် ။ ။ ဦးပညာဇောတ 415-518-7663၊ နေတင်မြင့် 510-491-5157၊ Email: uscb.ny@gmail.com

၂ နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် တောင်းဆိုချက်များ
၁၊ အဖမ်းဆီးခံ သံဃာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်။
၂၊ စစ်အာဏာရှင်စနစ်ကို သတ်တမ်းရှည်စေမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဖြစ်သော အတုအယောင် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်မပြုရန်။
၃၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အာဏာရှင်၏ လူသားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံးသို့ တင်ပြရန်နှင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခြင်းကို ကန့်သတ်ပိတ်ဆို့ အရေးယူရန်။

(Original file is attached)

Nay Tin myint






Pages: [1]   Go Up